Grow Your Business
Let's beginRecon Tech ရဲ့ All-in-One POS
Retail နဲ့ Wholesales ရောင်းချနေကြတဲ့ ဘယ်လုပ်ငန်းမျိုးမှာမဆို Online ရော Offline အနေနဲ့ပါ အသုံးချနိုင်တဲ့ အဆင့်မြှင့်တင်ထားတဲ့ Point of Sales System တစ်ခု ဖြစ်ပါတယ်။ Convenient Store အပါအဝင် Store ဆိုင်အမျိုးမျိုး နှင့် Mini-Mart များ၊ Cafe, Bar နှင့် Restaurant လုပ်ငန်းများ၊ Clinic နှင့် Pharmacy လုပ်များ၊ Van Sales နှင့် ကုန်ပစ္စည်း ဖြန့်ဖြူးရောင်းချသော လုပ်ငန်းများ၊ Manufacturing & Production လုပ်ငန်းများ၊ Online Shop လုပ်ငန်းများ၊ Service ပေးသောလုပ်ငန်းများအတွက် အထူးသင့်တော်ပါတယ်။ ၁၀ နှစ်ကျော်ကာလအတွင်းမှာ မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံ နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့မှ အသေးစားလုပ်ငန်းများမှစပြီး လုပ်ငန်းစုကြီးများအထိ လုပ်ငန်းပေါင်း ၂,၀၀၀ ကျော် အသုံးပြုပြီးဖြစ်ပါတယ်။ အသုံးပြုရတာ အလွန် လွယ်ကူရိုးရှင်းမှု၊ Cloud Based (Online) ဖြစ်ပေမယ့် ကုန်ကျစရိတ် သက်သာမှု၊ ရောင်းဝယ်ခြင်းလုပ်ငန်းများမှာ ဖြစ်ပေါ်လေ့ရှိတဲ့ မသာမာမှုများ ယိုပေါက်များကို စနစ်တကျရပ်တန့်ပေးနိုင်မှု၊ မြန်မာနိုင်ငံအပါအဝင် နိုင်ငံတိုင်းမှာ Service Team ရဲ့အကူအညီကို ကုန်ကျစရိတ်မရှိပဲ ရယူနိုင်မှု၊ လုပ်ငန်းတစ်ခုချင်းစီအလိုက် လိုအပ်ချက်ပေါ်မူတည်ပြီး Customization ပြုလုပ်ပေးနိုင်မှုတို့ကြောင့် လုပ်ငန်းရှင်များအတွက် ကုန်ကျစရိတ်သာမက လုပ်ငန်းလိုအပ်ချက်အရပါ တွက်ချေကိုက်တဲ့ System တစ်ခုအဖြစ် လက်ခံထားကြတာဖြစ်ပါတယ်။
Custom Software Development Service
Operation Process များမတူညီကြတဲ့ လုပ်ငန်းတစ်ခုချင်းစီအတွက် လုပ်ငန်းရဲ့လိုအပ်ချက်နှင့် အံဝင်ခွင်ကျဖြစ်စေဖို့ Custom Software Development ဝန်ဆောင်မှုပေးလျက်ရှိပါတယ်။ လုပ်ငန်းလည်ပတ်ပုံ၊ လုပ်ငန်းအမျိုးအစားနှင့် လုပ်ငန်း၏လိုအပ်ချက်များကို အစမှအဆုံး သေချာစွာအသေးစိတ်လေ့လာပြီး လုပ်ငန်းရှင်နှင့် အသုံးပြုသူများအားလုံးအတွက် အရိုးရှင်းဆုံးနဲ့ အလွယ်ကူဆုံးဖြစ်အောင် Software Product များကိုဖန်တီးပေးသော ဝန်ဆောင်မှုဖြစ်ပါတယ်။ Custom Software Development ဝန်ဆောင်မှုရယူရန်အတွက် လုပ်ငန်းရှင်များအနေဖြင့် စရံငွေ (သို့မဟုတ်) ကြိုတင်ငွေများ ပေးဆောင်ရခြင်း လုံးဝမရှိသည့်အတွက် လုပ်ငန်းနှင့် Software မကိုက်ညီခြင်းကြောင့် ဖြစ်ပေါ်တတ်သည့် အချိန်နှင့် ငွေကြေးဆုံးရှုံးမှုမျိုး လုံးဝမရှိနိုင်သည့်အပြင် အရည်အသွေးနှင့်ပတ်သတ်ပြီး ယုံကြည်စိတ်ချနိုင်တဲ့ ဝန်ဆောင်မှုဖြစ်ပါတယ်။ Software Product များကို နိုင်ငံတကာမှ Software Developers များနှင့် အကောင်းဆုံး နည်းပညာ (Tech Stack) များ၊ ခေတ်မီ Programming Languages များကို ရွေးချယ်၍ ဖန်တီးပေးခြင်းဖြစ်တာကြောင့် မြန်ဆန်ပြီး ကုန်ကျစရိတ်သက်သာစေပါတယ်။ မြန်မာနိုင်ငံအပါအဝင် နိုင်ငံတကာမှာ ရရှိနိုင်တဲ့ ဝန်ဆောင်မှုများကတော့ -
Android & IOS Mobile App များဖန်တီးပေးခြင်း
Web Application များဖန်တီးပေးခြင်း
Window Desktop Application များဖန်တီးပေးခြင်း
E-Commerce Systems များဖန်တီးပေးခြင်း
Enterprise Resource Planning(ERP) System များဖန်တီးပေးခြင်း
Static & Dynamic Website များဖန်တီးပေးခြင်း
HR & Office Systems များဖန်တီးပေးခြင်း
Booking & Rental Systems များဖန်တီးပေးခြင်း
System Integration Tools နှင့် Automation Program များဖန်တီးပေးခြင်း
Business Intelligence နှင့် Reporting Platform များဖန်တီးပေးခြင်း
Cloud Infrastructure & Data Services
Digital Transformation လိုအပ်ချက်များအတွက် ခိုင်မာစိတ်ချရသော Cloud Infrastructure တည်ဆောက်ပေးခြင်း၊ ထိမ်းသိမ်းပေးခြင်းနှင့် Data နှင့်ဆိုင်သော Solutions များဖန်တီးပေးခြင်းတို့ကို ဝန်ဆောင်မှုများပေးလျက်ရှိပါတယ်။ Traditional/On-Premise Server စနစ်များမှ ခေတ်မီ Cloud စနစ်များသို့ ပြောင်းရွှေ့ခြင်း (Cloud Migration)၊ အချက်အလက်များကို လုံခြုံစွာ သိမ်းဆည်းခြင်းနှင့် လုပ်ငန်း၏လိုအပ်သည့်နေရာများတွင် စနစ်တကျအသုံးချနိုင်အောင် ဖန်တီးခြင်း၊ Data Lake နှင့် Data Warehouse များတည်ဆောက်ခြင်း စသည့်ဝန်ဆောင်မှုများကို ကုန်ကျစရိတ်အသက်သာဆုံးဖြစ်စေရန် နိုင်ငံတကာမှ ကျွမ်းကျင်သောဝန်ထမ်းများဖြင့် ဝန်ဆောင်မှုပေးလျက်ရှိပါတယ်။
Amazon Web Service (AWS) Cloud Services
Azure Cloud Services
Huawei Cloud Services
Alibaba Cloud Services
Digital Ocean Cloud Services
AWS Data Lakehouse Development Services
Azure Data Lakehouse Development Services
Alibaba Data Lakehouse Development Services
Snowflake Data Lakehouse Development Services
BI Dashboard Development Services using Power BI, Tableau, Looker Studio